
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများသို့ ပန်းမျိုစုံ ဝင်ရောက်လျက်ရှိရာပန်းတိမ်ငိုပန်း၊ဂန္ဓမာပန်းနှင့်နှင်းဆီပန်းများ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ၄င်းပန်းများထဲမှ ပန်းတိမ်ငိုပန်းကို ကလော ၊ အောင်ပန်းနှင့် ပြင်ဦးလွင်မြို့များမှ အများဆုံး ဝင်လျက်ရှိကြောင်း ၊ ပန်းထိမ်ငိုပန်းအနေဖြင့် (၃)မျိုးရှိပြီး အရာင် များမှာ အဖြူရောင်၊ ခရမ်းနုရောင်၊ ခရမ်းရင့်ရောင်ဟူ၍ ရှိပါသည်။ ယခုလက်ရှိ ကျောက်ဆည်မြို့ရှိ မြို့မစျေးနှင့် အေးမြကြည်လင်စျေး များတွင် ပန်းတိမ်ငိုပန်း ခရမ်းအရင့်ရောင်(၁၀)ပင်စီး တစ်စည်းလျှင် (၃၀၀၀-၃၅၀၀)ကျပ် ၊ အဖြူရောင်နှင့် ခရမ်းနုရောင်(၁၀)ပင်စီး တစ်စည်းလျှင် (၂၅၀၀-၂၈၀၀)ကျပ်ဟူ၍ အမျိုးအစားပေါ် မူတည်၍စျေးနှုန်းကွာခြားလျက်ရှိပြီး နေ့စဉ် အေးမြကြည်လင်စျေးနှင့် မြို့မစျေးများသို့ ဝင်ရောက်လျက်ရှိကြောင်း ၊ ဝါတွင်းကာလဖြစ်သောကြောင့် ပန်းတိမ်ငိုပန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ပန်းရောင်းချသော ပန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)