
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် နှင့်မျှစ်ပြုတ် (၁)ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် မျှစ်ခြောက်လှန်းရန်နှင့် မျှစ်ချဉ်ပြုလုပ်ရန် ဝယ်ယူကြသည့်အတွက် မျှဉ်စိမ်းများ အရောင်းအဝယ်သွက်လျှက်ရှိကြောင်း၊ မျှစ်ချဉ် သည် မျှစ်စိမ်းရှားပါးလာသည့် အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း မျှစ်စိမ်း၊ မျှစ်ခြောက်နှင့် မျှစ်ချဉ် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)