ရာသီပေါ်မက်မန်းချဉ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

     မြင်းခြံဈေးကွက်သို့ ရောင်းချနေသော မက်မန်းသီးများမှာ မန္တလေးမြို့အတွင်းရှိ သစ်သီး ပွဲရုံများနှင့် ပြင်ဦးလွင်ဒေသထွက်တို့ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မက်မန်းသီး (အစိမ်း) ၂၅ ကျပ်သားလျှင် (၃၀၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၅၀၀) ကျပ် ပေါက်ဈေးရှိကြောင်း၊ အရောင်းအဝယ်လည်း ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်း ချသူတစ်ဦး၏ပြောပြချက် အရသိရသည်။ မက်မန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အာဟာရဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံအားကောင်း စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးကြောင်းသိရှိရ သည်။ မက်မန်းသီးကို တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်အမျိုးမျိုးပြုပြင် ထုတ်လုပ်ကြောင်း၊ မက်မန်းပေါင်း၊ မက်မန်းသီးအချိုနှင့် အချဉ်ပေါင်း၊ မက်မန်းအစပ်ချဉ်၊ မက်မန်းခြောက်၊ မက်မန်းယိုမျိုးစုံ၊ မက်မန်းချိုချဉ်နှင့် မက်မန်းဖျော်ရည်၊ မက်မန်းဝိုင်တို့သည်  မက်မန်းသီး၏ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သောကြောင့် လူကြီးလူငယ်၊ ဘာသာမရွေး ဝယ်ယူစားသောက်ကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)