ကန်ကြီးထောင့်မြို့ မျှစ်ဈေးနှုန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော စာဖိုဆောင်သုံးသီးနှံများ မြို့မဈေးသစ်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ မေလမှစ၍ ရာသီပေါ်မျှစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လပထမပတ်တွင် မြို့မဈေးသစ်၌ မျှစ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)