မြို့မဈေးတွင် ဈေးနှုန်းကျဆင်းနေသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဆက်လက် ကျဆင်းနေကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)