
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၆၉၅၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၆၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)