
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသောဂျင်း ဈေးနှုန်းများမှာ ဩဂုတ်လဒုတိယပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင်၇၀၀/ကျပ်ရှိခဲ့ပြီး ယခုစက်တင် ဘာလ ဒုတိယပတ်တွင်လည်း ၇၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ ဈေးငြိမ်နေကြောင်း သိရှိရပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဩဂုတ်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု စက်တင်ဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။
ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် ဩဂုတ်လဒုတိယပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုစက်တင်ဘာလဒုတိယတွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ် နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိရာ ဂျင်း၊ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ် လျှက်ရှိပါသည်။
DOCA(ပဲခူး)