မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တွင် စပါး၊ ပဲ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပြီး ပန်းစိုက်ပျိုးသူများလည်းရှိသည်။ ဒေသတွင်း စိုက်ပျိုးသော ပန်းများကို ဘုရားပန်းရောင်းချကြပြီး မိုးတွင်းကာလတွင်း ပန်းများ စိုက်ပျိုးမှု နည်းပါးပြီး စက်တင်ဘာလတွင် ပန်းများကို စတင်းစိုက်ပျိုးနေကြောင်း သိရသည်။ ပန်းမထွက်ခင်အချိန်ကာလများတွင် ရန်ကုန် သီရိမင်္ဂလာဈေးမှ မှာယူ၍ မအူပင်မြို့အတွင်းတွင် ရောင်းချကြသည်။
ဘုရားပန်းသည်များက ပန်းများကိုရောင်းချရာတွင် ပန်းတိမ်ငို ပန်း ၁၀ပွင့် ၁စီးလျှင် လက်ကား ၃၅၀၀ကျပ်၊ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မှ ပန်းဝါးတာလပတ် တစ်စီးတွင် ပန်းတိမ်ငို အစီးရေ ၅၀ခန့် ပါဝင်ပြီး တစ်ထုံးလျှင် သယ်ယူစရိတ်အပါအဝင်ငွေကျပ် ၁၆၀၀၀၀ကျပ် ရင်းနှီးရကြောင်း ပန်းတစ်ထုံးလင် ၁၅၀၀၀ကျပ် အကျိုး အမြတ်ကျန်ရှိကြောင်း ယခင်လ ဈေးဖြင့်နှိုင်းယှဉ်ပါက ပန်းတိမ်ငို ပန်းဈေး တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)