ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ်

Powered by Drupal

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မျှစ်စိမ်းနှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့်  မျှစ်စိမ်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)