
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ပင်လယ်ဒေသထွက် မျှင်ငပိ ရောင်းဝယ်ရေး လုပ်ငန်း များရှိသည်။ မျှင်ငပိသည် ဟင်းချက်ရာတွင် အခတ်အနေဖြင့်လည်းကောင်း၊ ငပိထောင်း အနေဖြင့် လည်းကောင်း၊ မျှင်ငပိ ဆီကျော်အနေဖြင့်လည်းကောင်း အိမ်ရှင်မများက ချက်ပြုတ်စားသောက်ကြသည်။
မျှင်ငပိ ဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပတ်က ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ၆၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ လက်ကားဈေးအနေဖြင့် ၁ပိဿာလျှင် ၅၅၀၀ကျပ်၊ ၆၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း မျှင်ငပိဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း ယခင် ဧပြီလ ဈေးနှုန်းမှာ ၁ပိဿာလျှင် ၇၀၀၀၊ ၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
Doca(ဧရာဝတီ)