
မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ပြင်ဦးလွင် ဒေသ ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း မိုးရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ငွေနှင်း မှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ တွေ့ရှိရပါသည်။ စျေးကွက်အတွင်း သဘာဝအတိုင်းထွက် သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရပါသည်။ ၂၀၂၅ခုနှစ်စက်တင် ဘာလပထမပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာ ပေါက်စျေးများမှာ တောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊လက်လီစျေး ၄၀၀၀ဝိ/-၊ ငွေနှင်းမှုံမှိုလက္ကားစျေး ၇၀၀ဝိ/- စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှို လက္ကား စျေး ၉၅၀ဝိ/-လက်လီ စျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင် ၃၅၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)