
ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချ ကြောင်းသိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက်ဆိုင်များ ထမင်းဆိုင် များမှ ဝယ်ဘူသည့်အတွက်ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)