
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက် မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးကို မိမိတို့ဒေသ တွင်း ထွက်ရှိသည့်သီးနှံများကိုရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၈၀၀)ကျပ်၊ ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)