ကန့်ဘလူမြို့တွင် ဈေးနှုန်းပြန်လည်မြင့်တက်လာသည့် ပဲဇီးကွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ အကွဲအနာပါလျှင် (၁၀၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ စတုတ္ထ ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ပဲဇီးကွက်သီးနှံတစ်တင်းလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)