ကျုံပျော်မြို့နယ်၌ မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပဲဈေးကွက်တွင် မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ကျုံပျော်မြို့နယ်၌ ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ချယ်ရီ၏ ပြောပြချက်အရ သိရသည်။

          ကျုံပျော်မြို့နယ်   ပဲဈေးကွက်တွင် ဇူလိုင်လဒုတိယပတ်မှ စတင်ကာ မြေပဲဆန်များ အရောင်းအဝယ်ကောင်းမွန်နေပြီး  ထိုသို့အရောင်းအဝယ် ကောင်းလာခြင်းမှာ  မြေပဲဆီကြိတ်ခွဲ ထုတ်လုပ်သည့်လုပ်ငန်းများက   မြေပဲဆန် ဝယ်လိုအားကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။   "လက်ရှိ ပဲဈေးကွက်ထဲကို  ဒေသတွင်းကထွက်ရှိတဲ့   မြေပဲဆန်တွေအပြင် တခြား ဒေသက  စိုက်ပျိုးထွက်ရှိတဲ့    မြေပဲဆန်တွေပါ ဝင်ရောက်နေပါတယ်။ မြေပဲဆီထုတ်လုပ်မှု အား ကောင်းလာတာကြောင့်   မြေပဲဆန် အရောင်းအဝယ် ကောင်းလာတာပါ။ မြေပဲဆန် အရောင်း အဝယ်က   အခုထက်ပိုကောင်းလာဖို့ပဲရှိပါတယ်။ နွေမြေပဲအသစ်တွေ မပေါ်သေးမီအချိန်ထိ မြေပဲဆန် အရောင်းအဝယ်ကောင်းနေမှာပါ။ ဒီနှစ်မြေပဲဆန်တွေ အဝယ် လိုက်နေတဲ့အတွက် တောင်သူတွေ၊ လုပ်သားတွေနဲ့ ကုန်သည်တွေ အဆင်ပြေလာပါတယ်"ဟု ဒေါ်ချယ်ရီကပြောသည်။

          ကျုံပျော်မြို့နယ်၌ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် မြေပဲဆန် များကိုဝယ်ယူပြီး  မြေပဲဆီကြိတ်ခွဲ သည့်အပြင်  မြေပဲဆန်၊  မြေပဲအခွံပါ စသည်ဖြင့် ပုံစံအမျိုးမျိုး ထုတ်လုပ်၍ ဝယ်ယူသော ဒေသများသို့ စနစ်တကျတင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။   

DOCA(ဧရာဝတီ)