
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ဒေသထွက်ဖူးစားပြောင်းများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ကျုံပျော်မြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စုစုခိုင်၏ ပြောကြားချက်အရ သိရသည်။
ကျုံပျော်မြို့နယ်၌ ဒေသထွက်ဖူးစားပြောင်းများ ဇူလိုင်လနောက်ဆုံးပတ်မှစ၍ ဝယ်လိုအားကောင်းလာပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း၊ တစ်ရက်လျှင် အဖူးရေ ၅၀၀၀ မှ ၁၂၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ "လက်ရှိမှာ ကျုံပျော်မြို့နယ်ကို ဒေသအစုံက ဖူးစားပြောင်းတွေ ဝင်ရောက်နေပါတယ်။ အခုလို ဖူးစားပြောင်းတွေ အရောင်းအဝယ် ကောင်းလာတော့ ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ဆက်စပ်တဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိလာပါတယ်" ဟု ဒေါ်စုစုခိုင်က ပြောသည်။
ကျုံပျော်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက် ဖူးစားပြောင်းများကို ဝယ်ယူပြီး ကုန်တင်ယာဉ်များဖြင့် ရန်ကုန်ဈေးကွက်သို့ ပြန်လည် ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)