စျေးကွက်ရသစ္စာပန်း”

Powered by Drupal

        ပြင်ဦးလွင်မြို့နယ်တွင် အနီးစခန်း၊ ကျွဲနွားထောက်၊ အောင်ချမ်းသာကျေးရွာများမှ ပန်မျိုးစုံတို့ ဧကချီစိုက်ပျိုးနိုင်ခြင်းမရှိသောလည်း နေအိမ်ခြံဝန်းကျယ်ကျယ်မှာ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ အဓိကစိုက်ပျိုးသည့်ပန်းများမှာ ပန်းထိမ်ငို၊ ဂန္ဓမာ၊ လီလီ၊ သစ္စာပန်းများဖြစ်ပြီး စိုက်ပျိုးသူတောင်သူများသလို စျေးကွက်လည်းရရှိနေကြပါသည်။  သစ္စာပန်းစျေးနှုန်းအနေဖြင့် ယခင်အပတ်တွင် (၅)ပင်စီး တစ်စည်းလျှင်(၂၅၀၀/-)ကျပ်၊ ယခုအပတ်တွင် (၅)ပင်စီး တစ်စည်းလျှင်(၃၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်ထက် (၁၀၀၀/-)ကျပ်စျေးပိုမိုရရှိလာသည်ကိုတွေ့ရှိရပါသည်။ သစ္စာပန်းစိုက်တောင်သူ ဦးထွန်းကြိုင်နှင့် ဆွေးနွေးရာတွင် ယခုအချိန်တွင် သစ္စာပန်းဝယ်လိုအားများကြောင်း၊ပန်းအနေအထားမှာလည်း အဖူးမှပွင့်ချိန်အထိ(၇)ရက်တစ်ပတ်ခန့် နွမ်းခြောက်သွားခြင်းမရှိသောကြောင့် ဘုရားတင်လှူပူဇော်ရာတွင် အသုံးများကြောင်း၊ ယခုအချိန်တွင် အခြားပန်းများလည်းလှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သည့်အတွက် ပန်းစျေးကွက်စည်ကားနေကြောင်း၊ ပြင်ဦးလွင်ဒေသထွက်ပန်းများကို မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)