“ခရီးသွားဝင်ရောက်မှုနှင့်အတူ ရောင်းဝယ်မှုအားများလာသော၂၁ မိုင်ပဲစိမ့်ကြော်”

Powered by Drupal

           ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၅ ပေတွင်တည်ရှိပြီး အေးမြသော ရာသီဥတုရှိပြီး ပြည်တွင်းခရီးသွားဧည့်သည်များအတွက် စိတ်ပါဝင်စားမှုရှိသော တောင်ပေါ်မြို့လေး ဖြစ်ပါသည်။၂၀၂၄ခုနှစ်၊ဒီဇင်ဘာလဆန်း ပန်းပွဲတော်မှစ၍ ခရီးသွာများလာရောက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ၊ဇွန်လနှင့်ဇူလိုင်လများတွင် ခရီးသွားများ ပိုမိုဝင်ရောက်မှုများပြားလာကာ မြို့နယ်အတွင်းရှိ ဟိုတယ်၊တည်းခိုခန်းများပင် နေရာအပြည့်ဖြစ်ခဲ့ကြောင်းသိရှိရပါသည် ။ ယခုလို မြို့နယ်အတွင်း ခရီးသွားဝင်ရောက်မှုများပြားလာသလို ဒေသထွက်ပစ္စည်းများမှာလည်းရောင်းလိုအားများလာကာ စီးပွားရေးအရအကျိုးအမြတ်ရရှိလာပြီး ထိုအထဲတွင်မှ ၂၁မိုင် ပဲစိမ့်ကြော်ဟုအမည်နာမကြီးသော ပဲစိမ့်ကြော်သည်လည်း ခရီးသွားဧည့်သည်များလည်း ဒေသထွက်အပြန်လက်ဆောင်မပါမဖြစ် ဝယ်ယူကာ ဝယ်ယူသူများနှင့်စည်ကားလှသော ပဲစိမ့်ကြော် ဈေးဆိုင်တန်းကြီးကိုတွေ့ရှိပြီး ခရီးတစ်ထောက်နားကာ အပန်းဖြေလျှက်ရှိပါသည်။၂၁မိုင်ကျေးရွာသည် မန္တလေးမြို့မှပြင်ဦးလွင်သို့ လာလျှင် လမ်းခုလတ် ၂၁မိုင်ရောက်လျှင် ရောက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် တောင်သူ လုပ်ငန်းအပြင် ပဲစိမ့်ကြော်လုပ်ငန်းများကိုပါ မိသားစုတစ်နိုင်တစ်ပိုင်နှင့်စီးပွားဖြစ်လုပ်ငန်းကြီး လုပ်ကိုင်ကာ လုပ်ငန်းရှင်(၄၅)ဦးဖြင့် ကြော်လှော်ရောင်းချလျှက်ရှိပါသည်။ပဲစိမ့်ကြော်တွင် အဓိက ပါဝင်ပစ္စည်းအဖြစ် စားတော်ပဲ၊စားသုံးဆီ၊ကောက်ညှင်းတို့အသုံးပြုရပြီး ကုန်ကြမ်းပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူကာဆောင်ရွက်နေကြောင်း ၊ ယခင်နှစ်များဆီက ပဲစိမ့်ကြော်လုပ်ငန်းရှင် အနည်းအကျဉ်းရှိကာ လုပ်ငန်းရှင်တစ်ဦးလျှင် စားတော်ပဲ(၃)ပြည်မှ(၇)ပြည်သာ အများဆုံးကြော်ရ ပြီးယခုလုပ်ငန်းရှင်များလည်းတိုးလာကာ ၂၁မိုင်ကျေးရွာကြီးသည် ၂၁ မိုင်ပဲစိမ့်ကြော်ရွာကြီးဖြစ်လာ နေကြောင်း၊ယခုအချိန် ပဲစိမ့်ကြော်လုပ်ငန်းရှင် မိသားစုတစ်နိုင်တစ်ပိုင်ဆိုလျှင်(၈)ပြည်ခန့်ကြော်နေ ပြီးစီးပွားဖြစ်လုပ်ကိုင်နေသောဆိုင်(၁၀)ဆိုင်ခန့်သည်(၁)တင်းမှ(၂)တင်းကြော်နေကြောင်း၊ စားတော်ပဲ (၁)ပြည်လျှင် စားဆီ(၁)ပိဿာသုံးစွဲရပြီး (၂၄)ရက်အတွက် စားတော်ပဲတင်းပေါင်း(၇၈၀)တင်း၊ စားသုံးဆီ(၁၁၃)ပေပါဖြင့် ကြော်နေလျှက်ရှိပြီး အကျိုးအမြတ်များရရှိကာ လူနေမှုအဆင့်အတန်း သည်လည်းတိုးတက်မြင့်မားနေကြောင်း၊လက်ရှိပဲစိမ့်ကြော် ရောင်းဝယ်မှုအနေဖြင့် လက်ဝိုင်းအသေး ထုတ် (၄)ခုပါ (၈)ထုတ်ပါကင် တစ်ခုလျှင် ဖောက်သည်ဈေးအနေဖြင့်(၂၀၀၀/-)ကျပ်၊ဆိုင်ရောင်း (၂၅၀၀/-)ကျပ်၊ (၄)ခုပါ (၁၀)ထုတ်ပါကင်တစ်ခုလျှင် ဖောက်သည်ဈေးအနေဖြင့်(၂၅၀၀/-) ကျပ်၊ဆိုင်ရောင်း (၃၅၀၀/-)ကျပ်၊အဝိုင်းအသေး(၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည်ဈေးအနေဖြင့် (၇၀၀/-)ကျပ်၊ဆိုင်ရောင်း(၁၀၀၀/-)ကျပ် ၊ အဝိုင်းလတ်(၆)ခုပါတစ်ထုတ်လျှင် ဖောက်သည်ဈေး အနေဖြင့်(၈၀၀/-)ကျပ်၊ဆိုင်ရောင်း(၁၃၀၀/-)ကျပ်၊အဝိုင်းကြီး(၆)ခုပါတစ်ထုတ်လျှင်ဖောက်သည်ဈေး အနေဖြင့် (၁၁၀၀/-)ကျပ် ၊ ဆိုင်ရောင်း(၁၈၀၀/-)ကျပ်၊ အဝိုင်းကြီးရှယ်(၇)ခုပါ တစ်ထုတ်လျှင် ဖောက်သည်ဈေးအနေဖြင့်(၁၅၀၀/-)ကျပ်၊ ဆိုင်ရောင်း(၂၀၀၀-၂၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေ ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)