
ရွှေဘိုမြို့တွင် ရာသီပေါ်အသီးအနှံများကို ရောင်းချသည့်အပြင် ပေါ်ဉီးပေါ်ဖျားဖြစ်သည့် ဇီးဖြူသီး များကို ရောင်းချလျက်ရှိပါသည်။ ဇီးဖြူးသီးပင်မှာ မန်ကျည်းပင်ကဲ့သို့ သက်ကြီးပင်ဖြစ်ပြီး ရေကြိုက်သည့်အပင်ဖြစ်ရာ နေရာဒေသမရွေး စိုက်ပျိုး၍ ရသောအပင်ဖြစ်ပါသည်။ ဇီးဖြူသီး၏ အရဿာမှ ချို၊ ချဉ်၊ ဖန်၊ ခါး အရဿာ (၄)မျိုးကိုပေးစွမ်းသည့်အတွက် ကျန်းမာရေး အတွက် သော်လည်းကောင်း၊ အစာအဟာရအတွက် သော်လည်းကောင်း စားသုံးကြပါသည်။ ဇီးဖြူသီး ကိုပြုတ်၍ ဇီးဖြူသီးသနပ်အဖြစ်လုပ်စားကြ ကြောင်း၊ ဇီးဖြူသီးကို အခြောက်လှမ်းကာ အသား / ငါးများဖြင့် ရော၍ ဇီးဖြူသီးဟင်းလေးချက်အဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္တ ) ပတ်တွင် ဖြစ်ပေါ်နေသော ပေါ်ဉီးပေါ်ဖျား ဇီးဖြူသီးဈေးနှုန်းမှာ (၁)ဘူးလျှင် (၆၀ဝိ/-) ကျပ် ၊ (၁)ပြည်လျှင် (၄၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချ သည့် ဈေးသည်ထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)