ကန့်ဘလူမြို့တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်းနှင့် ပတ္တမြားပန်း ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ပိန်းပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်း၊ အာစီယံသပြေနှင့် ရွှေပန်း၊ ငွေပန်းတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းများမှာ ရွှေပန်း(၄)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၁၁)ကုံးလျှင် (၁၀၀၀)ကျပ်၊ ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၆)ကုံးလျှင် (၅၀၀)ကျပ်၊ ပတ္တမြားပန်း (၅)ပွင့်ပါတစ်ကုံးလျှင် (၁၅၀)ကျပ်၊ (၃)ကုံးလျှင် (၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)