
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍ အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဩဂုတ်လ တတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၈၆၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၇၅၀)တင်း ၊တန်အားဖြင့် (၂၄)တန် ၊ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၇၇၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၀၀)တင်း၊တန်အားဖြင့် (၁၀)တန်၊ နှမ်းနက် တစ်တင်း လျှင်(၂၃၆၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀)တင်း တန်အားဖြင့် (၃၃)တန် ၊မြေပဲလုံးဆံဖြူ တစ်တင်းလျှင် (၁၂၈၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၄၅၀)တင်း၊တန်အားဖြင့် (၁၀)တန်အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်း ဝင်ရောက်မှုနည်းပါးလာပြီး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။
DOCA (စစ်ကိုင်း)