စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့်သံလမ်းဈေးရှိ ဟင်းသီးဟင်းရွက် ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံး အတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၀၀၀ /၃၂၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၁၀)ပင်ပါ တစ်စည်းလျှင် (၉၀၀) ကျပ်နှင့် အကြီးစည်း(၅)ပင်ပါ တစ်စည်းလျှင် (၁၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA (စစ်ကိုင်း)