“မိုးပြောင်းဖူးများထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် မိုးပြောင်းဖူးသီးနှံကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၀၅၉)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည် လျှင်(၅၅၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ ယခုသြဂုတ်လမှစတင်၍ ထွက်ရှိနေပြီး (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်း အနေဖြင့် ပြောင်းဖူးစုစုပေါင်း(၄၀၀၀-၄၅၀၀)ဖူးခန့် ထွက်ရှိကြောင်း ၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း ၊ ပြောင်းဖူးသီးနှံကို သ‌ရေစာအဖြစ် စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုး စားသုံးကြကြောင်း ၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့် ပြန်လည်ရောင်းချ ကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၇၅၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း  ပြောင်းဖူး စိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)