
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်စနစ်ဖြင့် ရှေးယခင်ကပင် စပါး ၊ ပဲ၊ ပြောင်း သီးနှံများပြင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိ ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် သြဂုတ်လအထိ မိုးမြေပဲ စိုက်ဧက (၃၀၀)ဧက စိုက်ပျိုပြီးစီးပြီးဖြစ်ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ မျိုးအနေဖြင့် ပင်ထောင်ပဲနှင့်ပင်ပြန့်ပဲ နှစ်မျိုးရှိပြီး မြို့နယ်အတွင်း အများဆုံး စိုက်ပျိုးသောမျိုးမှာ ပင်ပြန့်မျိုးများဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် မြေပဲအဆံ စိုက်ပျိုးပါက (၂၄)ပြည် စိုက်ပျိုးရပြီး မြေပဲ အတောင့် စိုက်ပျိုးပါက(၄)တင်းခန့် စိုက်ပျိုးရကြောင်း ၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊လုပ်သားခ အပါအဝင် စုစုပေါင်း (၅၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မြေပဲများအောင်မြင်ထွန်းလျက်ရှိကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၃၀-၄၀) ထွက်ရှိခဲ့ကြောင်း ၊ မြေပဲတောင့် (၁)တင်း လျှင် (၄၅၀၀၀/-) ကျပ် ၊ မြေပဲဆံ(၁)ပိဿာလျှင်(၁၂၀၀၀/-)ကျပ် ၊ မြေပဲဆီ (၁)ပိဿာလျှင် (၁၈၀၀၀/-) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၇၅၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိ မြေပဲပေါက်စျေးအနေဖြင့် မြေပဲတောင့် (၁)ပိဿာလျှင် (၆၈၀၀-၇၀၀၀)ကျပ် ၊ မြေပံဆံ (၁)ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀)ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၅၂၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ မြေပဲပေါ်ချိန်တွင် တောင်သူများမှ နီးစပ်ရာပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များတင်ပို့ရောင်းချကြကြောင်း ပွဲရုံများထံမှသိရှိရ ပါသည်။
DOCA(မန္တလေး)