“စဉ့်ကိုင်မြို့နယ်၏ ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၂၇၉၁) ဧကစိုက်ပျိုးခဲ့ပြီး (၁၀၃၄)ဧကရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး၎င်းမျိုးများအနက် ၆၉၂ငရုတ်မျိုးများကို ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်း အနေဖြင့်(၃၅၀-၄၀၀)ပိဿာခန့်ထွက်ရှိကြောင်း ၊ ငရုတ်သီး ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် အညှာပါတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာခြွေတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့်(၂၃၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ကြောင်း၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး ဈေးကွက်ရှိရာ မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိသည့် အပြင်မိသားစုစားဝတ်နေရေးပါ ပြေလည်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ငရုတ် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)