
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီကို မြိတ်မြို့ ဆိပ်ငယ် ဈေးကြီး၊ စမ်းချောင်းကုန်စိမ်းနှင့် အခြားသောဈေးများတွင် နေ့စဉ်အရောင်းအဝယ်လျက်ရှိပါ သည်။ မိုးကြက်သွန်နီ အပြင်ပင်စိုက်ကြက်သွန်နီများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။ ကြက်သွန်နီသည် စားဖိုချောင်သုံးအစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုး ဖြစ်သည်။ ကြက်သွန်နီကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာ ကောင်းမွန်စေသောသီးနှံတစ်မျိုးဖြစ်သည်။
ယခင်၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့အတွင်း ကြက်သွန်နီဈေးနှုန်းမှာ (၂၃၀၀)ကျပ်နှင့် (၂၅၀၀)ကျပ်ထိရှိပြီး ယခု စက်တင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကြက် သွန်နီဈေးနှုန်းမှာ (၂၇၀၀)ကျပ်နှင့် (၃၀၀၀)ကျပ်နှုန်းဖြင့် အနည်းငယ်မြှင့်တက်သွားကြောင်း သိရှိရ ပါသည်။ ယခုလတွင် လမ်းခရီးအခြေအနေကြောင့် စားဖိုဆောင်သီးနှံစျေးနှုန်းများ အနည်းငယ် စျေးမြှင့်တက်နေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)