ပြည်မြို့ရှိအရောင်းသွက်လျက်ရှိသောဒေါ်လာမြေပဲဆီဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လူကြိုက်များလှသော ဆီအမျိုးအစား တစ်ခုဖြစ်သည့် ဒေါ်လာမြေပဲဆီသည် အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ဈေးကွက်တွင် အရောင်း သွက်လျက်ရှိပါသည်။ ဒေါ်လာမြေပဲဆီသည် ဈေးနှုန်းလည်း အသင့်အတင့်ဖြစ်ကာ ရောင်းအား ကောင်းသော ထုတ်ကုန်တစ်ခုလည်းဖြစ်သည်။ ဒေါ်လာမြေပဲဆီသည် ၁၀၀ % ဆီသန့်ဖြစ်ကာ မည်သည့် အရောအနှောမှ မပါဝင်ကြောင်း သိရသည်။ ဒေါ်လာမြေပဲဆီတွင် ရရှိနိုင်သော ဆီအမျိုး အစားများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နှမ်းဦးဆီတို့ဖြစ်ပါသည်။ မြေပဲဆီဈေးနှုန်းမှာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်နှင့် နှမ်းဦးဆီ တစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်းသိရသည်။

DOCA(ပဲခူး)