
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသေကာက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာလ(၂) ရက်နေ့၊ နံနက်(၀၉:၁၅)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မ ဈေးအတွင်းသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးကောက်တာဝန်ခံ ဦးသန့်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်း မြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချသော ဒေါ်မာမာစိုး ကုန်စုံဆိုင်၊ ဒေါ်ရီရီသန်းကုန်စုံဆိုင်များမှ စားအုန်းဆီ (၁)ပိဿာလျှင် (၆၉၂၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သွန်နီ ဆိုဒ်စုံတစ်ပိဿာလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၈၀၀၀မှ ၁၀၀၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၃၀၀၀မှ ၁၄၀၀၀) ကျပ်၊ မန်းကျည်းသီးတစ်ပိဿာလျှင် (၁၂၀၀၀)၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၈၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၀၀၀မှ၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၅၀၀မှ၆၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် စားအုန်းဆီဈေးနှုန်း အနည်း ငယ်မြင့်တက်လျက်ရှိပြီး ကျန်စားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း မေးမြန်း စုံစမ်းရာတွင် ဈေးကွက်အတွင်းသို့ ရန်ကုန်မှ ကုန်စည်များ ဝင်ရောက်လာမှုများသဖြင့် ဈေးနှုန်း များတည်ငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)