ကန့်ဘလူမြို့မဈေးတွင် အနည်းငယ်မြင့်တက်လျက်ရှိသော အာလူးဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း မြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး ()ပိဿာလျှင် (၇၀၀၀)ကျပ်၊ အလုံးသေး()ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အာလူးသီးကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊  အာလူးကြော်ပြုလုပ်ရာ၌လည်းကောင်း၊ စမူဆာပြုလုပ်ရာ၌လည်းကောင်း  အသုံးပြုကြသည့်အတွက်  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)