
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်း သိရပါ သည်။ စိုက်ပျိုးလျက်ရှိသော ရာသီပေါ် သီးနှံများနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် သီးသီးပင်များ၊ ဩဇာသီး၊ ငှက်ပျော သီး၊ ဂွေးသီး၊ ဇီးဖြူသီး၊ မန်ကျည်းသီး၊ ရုံးပတီသိး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းမြွေသီး နှင့် အုန်းသီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ရောင်း ချကြကြောင်း သိရှိရသည်။
သင်္ဘောသီးစိမ်းဈေးနှုန်း
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
သီးသီးဈေးနှုန်း
ကျွန်းလှမြို့၏ သီးသီး ဈေးနှုန်း အနေဖြင့် သီးသီး အကြီး တစ်လုံးလျှင်(၁၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၅၀)ကျပ်၊ ငွေကျပ်(၂၀၀)ဖိုး လျှင်(၅)လုံးဈေးနှုန်းတို့ဖြင့် ရောင်းချလက်ရှိပြီး သီးသီးကို အချဉ်ပေါင်းသည်နှင့် အိမ်ရှင်မများမှ အသုံးပြုစားသောက်သည့်အတွက် ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)