
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီး ပင်၊ ဩဇာပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး အကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၁၀၀၀/၈၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဩဇာသီး ဈေးနှုန်းများမှာ ဩဇာသီး အကြီး တစ် တစ်လုံးလျှင်(၁၀၀၀/၈၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၇၀၀/၅၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)