မအူပင်မြို့နယ်တွင် ရောင်းချနေသော ငပိ ဈေးကွက် ဈေးနှုန်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဖျာပုံဒေသထွက် ငပိကို ရောင်းချလျက် ရှိပါသည်။ ငပိကို ‌ဖျာပုံဒေသထွက် ပင်လယ်ပုစွန်၊ မျှင်ကောင်၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်းဖြစ်ပါသည်။ ငါးငပိများကို ဒေသတွင်း  မြစ်၊ ချောင်းများမှ ရရှိသောငါးများကို ငပိသိပ်၍ ရောင်းချခြင်းများလည်းရှိသည်။ အိမ်ရှင်မများ ငပိသည် မပါမဖြစ် ဟင်းတစ်ခွက်ဖြစ်သည်။ မျှင်ငပိကိုတော့ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ မျှင်ငပိကို တို့စရာနှင့် ငပိထောင်းပြုလုပ်၍ စားသုံးကြသည်။

        ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်းရှိကြောင်း သိရှိရပါသည်။ ဖျာပုံဒေသထွက်မျှင်ငပိ အမျိုးမျိုးရှိ၍ ဈေးနှုန်းလည်းကွာခြားသည်။ မအူပင်ငါး ငပိ ၁ပိသာလျှင် ၅၀၀၀ကျပ်ဖြင့် လည်းကောင်း၊ ငါးပိအကောင်းစား ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဖျာပုံ မျှင်ငပိ ၁ပိဿာလျှင်  အကောင်းစား ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်စားမျှင်ငပိ ၁ပိဿာ ၆၅၀၀ကျပ်ဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖျာပုံမှ ငပိအမျိုးမျိုးကို မှာယူရောင်းချနေသော နတ်သုဒ္ဓါ ငပိလက်ကားဒိုင်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)