
ဓနုဖြူမြို့နယ်တွင် ဆောင်ရာသီစိုက်ပျိုးထွက်ရှိသော မတ်ပဲများကို အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ မတ်ပဲများကို ရန်ကုန် ဘုရင်နောင်သို့ တင်ပိုလျက်ရှိပြီး မတ်ပဲများ ဇူလိုင်လ ၂၃ရက်နေ့ ၂၀၂၅ခုနှစ် ဈေးနှုန်းများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်ဟူ၍ ဓနုဖြူ မဝေပွဲရုံ ၂ရပ်ကွက်မှ ဦးနိုင်ဝင်းထံမှ သိရသည်။
ဈေးနှုန်းအနေဖြင့် မတ်ပဲ ၁တင်းလျှင် ၉၇၆၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ရန်ကုန်တင်ပို့မှုအနေဖြင့် ယခု ဇူလိုင်လအတွင်း တင်း ၁၀၀၀ခန့်ရှိပြီဖြစ်ကြောင်း၊ ရန်ကုန်တင်ပိုမှု ဈေးနှုန်းအနေဖြင့် ၃တင်းလျှင် ၂၉၆၀၀၀ကျပ် ဈေးပေါက်ကြောင်း သိရသည်။ မတ်ပဲ တစ်မျိုးသာ အဓိကထားတင်ပို့ရောင်းချပြီး ပဲတီစိမ်း ရောင်းဝယ်တင်ပို့ခြင်း မရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)