ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊ဇူလိုင်လ စတုတ္ထပတ်တွင်ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း(၁)ကုံးလျှင်(၃၅၀)ကျပ်၊ ဇွန်ပန်း(၃) ကုံးလျှင် (၁၀၀၀)ကျပ်၊ စံပယ်ပန်း(၁)ကုံးလျှင်(၁၅၀)ကျပ်၊ စံပယ်ပန်း(၄)ကုံးလျှင်(၅၀၀)ကျပ်၊ ခရေပန်း(၁)ကုံးလျှင် (၃၀၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ စကားဖြူ၊စကားဝါပန်း(၁)ကုံး လျှင်(၃၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၂)ကုံးလျှင်(၅၀၀)ကျပ်၊  ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၅၀)ကျပ်၊ရွှေပန်း၊ငွေပန်း(၄)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်း ကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများ အလှပန်ရန်အတွက်လည်းကောင်း၊ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)