ပင်စိမ်းပင်၏ကောင်းကျိုးနှင့် စျေးနှုန်း

Powered by Drupal

     ပင်စိမ်းသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက်ပေါက် ရောက်သော်လည်း ဟင်းစားနှင့်ဆေးအတွက်စိုက်ပျိုးကြသည်။ ပင်စိမ်းပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အမြင့်နှစ်ပေမှသုံးပေခန့်အထိရှိ၏။ ရနံ့မှာအလွန်မွှေးသဖြင့် အချို့သူများမှာဟင်းချက်ရာတွင် အမွှေး နံ့ ရစေရန် ဟင်းခတ်၍စားကြသည်။ အရသာမှာပူစပ်သောအရသာရှိသည်။ မြန်မာ့ဆေးကျမ်းအရ ပင်စိမ်းအရသာသည် ပူခြင်း၊ စပ်ခြင်း အနည်းငယ်ခါးခြင်းရှိပြီး လေရောဂါများ သက်သာစေနိုင်ပါ သည်။ အစာကြေပြီး ခံတွင်းကောင်းစေသည်။ ပင်စိမ်းကိုကြိတ်၍ ရသောအရည်သည် ချောင်းဆိုး ရောဂါ၊ အရေပြားရောဂါ၊ မစားချင်မသောက်ချင်ဖြစ်ခြင်းနှင့် အစာအိမ်ရောဂါကြောင့် ဗိုက်နာသော ဝေဒနာတို့အား ပျောက်ကင်းစေသည်။ ခေါင်းတခြမ်းကိုက်ခြင်း၊ ပွေးနာ ယားနာ၊ ဝမ်းကိုက်၊ နားကိုက်၊ လေငန်းလေဖြတ်၊ အဆစ်ရောင်ခြင်းတို့တွင်အသုံးပြုကြပါသည်။ ပင်စိမ်းသည် မြန်မာနိုင်ငံနေရာအနံ အပြားတွင် ပေါက်ရောက်ပြီး နေရာဒေသပေါ်မူတည်၍ အာနိသင်မှာ အနည်းငယ်စီကွာခြားသည်။ ပင်စိမ်းပင်ကို စျေးများတွင် ရောင်းချလျက်ရှိပြီး တစ်စည်း လျှင်(၇၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)