
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ပတ်ဝန်းကျင်ရှိ မုန်းမြင့်၊ အင်းဒေါင်း၊ သမော် အင်း စသည့်ကျေးရွာများတွင် ငရုတ်၊ ခရမ်းချဉ်၊ စပါး၊ ကုလားပဲ၊ မြေပဲနှင့် အခြားသီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မုန်းမြင့်ကျေးရွာ၌ တောင်သူ(၁၃)ဦးမှ ငရုတ်စိုက်ဧက(၁၀)ခန့်ကို ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)မှ စတင်၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မုန်းမြင့်ကျေးရွာနေ တောင်သူတစ်ဦးမှ ၎င်းအနေဖြင့် ငရုတ်စိုက်ဧက(၂)ဧကခန့်စိုက်ပျိုးထား ကြောင်း၊ မျိုးအနေဖြင့် (၆၉၂)မျိုးကို ပွင့်ဖြူမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်မှ (၁)ထုပ်လျှင် ကျပ် (၁၄၀၀၀)ဖြင့် ဝယ်ယူပြီး ပျိုးထောင်ဘောင်တင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုး(၇) ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် ခူးဆွတ် ရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကျပ်(၂၅)သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာချိန်(၂၀၀၀)ခန့်ထွက်ရှိခဲ့ပြီး (၁) ပိဿာလျှင် လက်ကားဈေး ကျပ်(၂၅၀၀)ထိရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၂၅)သိန်းခန့်ရရှိခဲ့ ကြောင်း၊ ယခုနှစ်တွင်မှု သွင်းအားစုစရိတ် အနည်းငယ်မြင့်တက်လာ၍ (၁)ဧကလျှင် ကျပ်(၃၀)သိန်း ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ တိုက်ရိုက် တင်ပို့ ရောင်းချကြောင်း၊ ယခုအချိန်တွင် မုန်းမြင့်ကျေးရွာ၌ ငရုတ်စိုက်ခင်းများ ရာသီဥတုသမမျှတ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)