စန်းစန်းနွယ်စားအုန်းဆီလက်လကီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် (၁၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးသို့ စားအုန်းဆီ လက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဘိုကုန်းဈေး မြေညီထပ်၊ အမှတ်(၂၀၇)ရှိ စန်းစန်းနွယ်ဆိုင်သို့ ရောက်ရှိခဲ့ရာ မစန်းစန်းနွယ်က မိမိရရှိသောခွဲတမ်းသည် သံသာကုမ္ပဏီမှရရှိပြီး ပြည်သူများသို့ နေ့စဉ်ပုံမှန် ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် ရောင်းချပေးပါကြောင်း၊ အများမြင်သာအောင် Vinyl များလည်း ချိတ်ဆွဲထားပါကြောင်း၊ လက်ကျန်လည်း မထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့် ညွှန်ကြားချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)