ဒေသထွက်ဖူးစားပြောင်း ခေါ် ရှမ်းပြောင်းများ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ကယားပြည်နယ်ရှိ ဒေသခံပြည်သူများသည် စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ် ကိုင်စားသောက်ကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများအနက်  ပြောင်းဖူးစိုက်ပျိုးရေး လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်ကြပါသည်။ ပြောင်းဖူးအမျိုးအစားများမှာ သကြားပြောင်း၊ ကုလားပြောင်း၊ ဖူးစားပြောင်းခေါ် ရှမ်းပြောင်းဟူ၍ အမျိုးမျိုးရှိပြီး ယခုလတွင် ဒေသထွက်ဖူးစား ပြောင်း ခေါ် ရှမ်းပြောင်းသည် အများဆုံးထွက်ရှိပြီး ဈေးကွက်အတွင်း အများအပြားတွေ့ရှိပါသည်။ ဖူးစားပြောင်းကိုရှမ်းပြောင်းဟူ၍လည်း အချို့ကခေါ်ဝေါ်ကြပါသည်။ အချို့အရပ်ဒေသ၌ ကောက်ညှင်း ငချိတ်ပြောင်း ဟူ၍လည်း ခေါ်ကြပါသေးသည်။ ကောက်ညှင်းကဲ့သို့ ကပ်စေး၍ အရသာမှာအလွန် နူးညံ့သောကြောင့် ဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသောက်ကြပါသည်။ ဖူးစားပြောင်းများကို ကယားပြည်နယ်၊ လောပိတမြို့၊ မိုက်ကမ်းကျေးရွာ၊ ရှမ်းရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပြောင်းဖူးအစိမ်း တစ်လုံးလျှင်(၅၀၀-၆၀၀)ကျပ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြုတ်ပြီးသား ပြောင်းဖူး တစ် လုံးလျှင်(၆၀၀-၇၀၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ဈေးသည်များထံမှ သိရှိရပါ သည်။

DOCA(ကယား)