
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဇွန်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းထက် ယခုဇူလိုင်လတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။
ယခင် ဇွန်လစတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၉၇၀၀၀ကျပ်မှ၉၆၅၀၀)ကျပ်ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ ယခုဇူလိုင်လ ပထမပါတ် အဖွင့်ဈေးမှာ (၉၆၅၀၀ ကျပ်မှ ၉၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဇူလိုင်လ ဒုတိယပါတ်တွင် ဈေးနှုန်းများ ပြန်လည် ကျဆင်းသွားပြီး (၉၇၀၀၀ ကျပ်မှ ၉၅၅၀၀)ကျပ် အတွင်းသာ ရောင်းဝယ်ခဲ့ပါသည်။
ယခုတတိယပါတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းမှာ ဆက်လက်ကျဆင်းလျှက်ရှိပြီး ပိဿာ (၂၀) တစ်တင်းကို (၉၅၅၀၀ ကျပ်မှ ၉၆၀၀၀)ကျပ် ဈေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေသည်ကို လေ့လာ သိရှိရပါသည်။ အရောင်းအဝယ် ဖြစ်မှု့ အခြေအနေမှာ တောင်သူများမှ ရောင်းချမှု့ အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများထံမှ စုံစမ်းသိရှိရပါသည်။
DOCA(ပဲခူး)