မိုးရာသီ၊ နတ်တလင်းမြို့နယ်၏ မေမြို့ထုံးမှုန့် ဈေနှုန်း၊ ဈေးကွက်

Powered by Drupal

   ထုံးမှုန်ကို မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။  မွေးမြူရေးလုပ်ငန်များဖြစ်သည့် ငါးကန်သန့်ရှင်းရေးလုပ်ငန်းများ၊ အနံ့ဆိုးများကင်းစေရန်၊ တိရစ္ဆာန်များ ရောဂါပိုးမွှားများ ကင်းရှင်းစေရန် အတွက်လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်းများ  ဖြစ်သည့် လယ်ယာ ဥယျဉ်ခြံမြေများ တွင်လည်း မြေများပြုပြင်ချိန်တွင် လည်းကောင်း ယခုလို မိုးရာသီမိုးများသည့် အခါရေညှိများသည့်နေရာတွင် ရေညှိကင်းစေရန်အတွက် လည်းကောင်း အသုံး  ပြုကြပါသည်။ ယခု ဇူလိုင်လ တတိယပတ်တွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ရောင်းချနေသော မေမြို့ထုံးမှုန့် ဈေးနှုန်းများမှာ  (၉) ပိဿာဝင် တစ်အိတ်လျှင်  (၈၀၀၀)ကျပ်၊  (၉၀) ကျပ်သား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။
  စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေချဉ်ခြင်းကို ပြုပြင်ရာတွင် ထုံးမှုန့်ကိုထည့်သွင်း အသုံး ပြုကြပြီး မြေအမျိုးအစားအလိုက် မြေချဉ်ငန်ကိန်း အလိုက်ထည့်သွင်းအသုံးပြုရမည့် ထုံးပမာဏကို  စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးချဌာနခွဲက သုတေသနပြုသတ်မှတ်ပြီး ချဉ်တဲ့မြေကို ပြုပြင်ဖို့ တစ်ခု တည်းသော နည်းလမ်းမှာ ထုံးထည့်ပေးခြင်း ဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် တောင်သူ      လယ်သမားကြီးများအနေဖြင့် မိမိလယ်ယာမြေ မြေချဉ်များကို ထုံးထည့် ပြုပြင်စိုက်ပျိုးခြင်းဖြင့် သီးနှံများ အထွက်တိုးပြီး အကျိုးများစေမှာ ဖြစ်ကြောင်းလည်းသိရပါသည်။
DOCA(ပဲခူး)