
ပြည်မြို့၏ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ဟင်းခပေါင်းသီးများကို ပြည်မြို့အနီး ကျေးရွာများမှ စတင်ဝင်ရောက် လာပြီဖြစ်ပါသည်။ ကြက်ဟင်းခါးသီးမျိုးနွယ်တစ်မျိုးဖြစ်ပြီး နွယ်ပင်မှ သီးပြီး တစ်နှစ်လျှင် တစ်ခါသာပေါ်သောအသီးတစ်မျိုး ဖြစ်ပါသည်။ ကြက်ဟင်းခါးသီးကဲ့သို့ အခါးအရသာ မရှိ၍ လူကြိုက်များသော အသီးတစ်မျိုးဖြစ်ပါသည်။ ဟင်းခပေါင်းသီး ပင်ကိုယခင်နှစ်က ပေါ်စတွင် (၁၀)လုံးအတွဲလျှင် (၁၂၀၀)ကျပ်ဖြင့် ဈေးဖွင့်သော်လည်း ယခုနှစ်တွင်တော့ (၅)လုံးအတွဲကို (၂၀၀၀)ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။ ဟင်းခပေါင်းသီးမှာ စားသုံးသူ များ၍ ဈေးမှာတစ်နှစ် ထက်တစ်နှစ် မြင့်တက်လာတာတွေ့ရပါသည်။
DOCA(ပဲခူး)