
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အာလူးသီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှု အပြင် ဒေသတွင်း ကုန်ကြမ်းအာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အာလူးကြော် ထုတ်လုပ်မှု လုပ်ငန်းများလည်း တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံမှာ ဒေသတွင်း သုံးစွဲမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေး လိုက်၍ အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာ လျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင် ဇွန်လ(ဒုတိယပတ်)တွင် အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာ လျှင် ကျပ်(၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူး တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရှမ်းပြည်ဒေသထွက် အာလူး သီးနှံများ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ၍ ဈေးအနည်းငယ် ကျဆင်းကြောင်း သိရှိရပါသည်။
DOCA(မကွေး)