အမေရိကန်အား ယူရို ၂၁ ဘီလီယံအခွန်ကောက်ခံရန်အဆင်သင့် EU အနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု အီတလီနိုင်ငံခြားရေဝန်ကြီး ပြောကြား

Powered by Drupal

                ဥရောပသမဂ္ဂ EU သည် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးလုပ်ဆောင်မှုများ မအောင်မြင်ခဲ့လျှင် အမေရိကန် ကုန်ပစ္စည်းများအား ယူရို ၂၁ ဘီလီယံ (ဒေါ်လာ ၂၄.၅၂ ဘီလီယံခန့်) တန်ကြေးရှိသော အခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani က ဇူလိုင်လ ၁၄ ရက်နေ့တွင်ပြုလုပ်သော သတင်းစာအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ သမ္မတ Donald Trump သည် ဇူလိုင်လ ၁၂ ရက်နေ့တွင် မက်ဆီကိုနိုင်ငံ မှတင်ပို့ကုန်များတွင် ၃၀ ရာခိုင် နှုန်း အခွန်တိုးမြင့်ကောက်ခံရန် ခြိမ်းခြောက်ခဲ့ပြီး EU အနေဖြင့်လည်း သြဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ အဓိကကုန်သွယ်ရေးမိတ်ဖက်နှင့် သဘောတူညီမှု မအောင်မြင်ခဲ့လျှင် အကောက်ခွန်များတိုးမြင့်မည် ဖြစ်ကြောင်း သိရပါသည်။ Tajani က ဥရောပ စီးပွားရေးဇုန်အား အထောက်အကူပြုရန် ဥရောပ ဗဟိုဘဏ်အနေဖြင့် ငွေချေးစာချုပ်အသစ်နှင့် အတိုးနှုန်းဖြတ် တောက်မှုများအပေါ် ပြန်လည်စဥ်းစားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။ EU က အမေရိကန် နိုင်ငံအပေါ် ၎င်း၏ တန်ပြန်အစီအမံများကို သြဂုတ်လမတိုင်ခင်အထိ ဆိုင်းငံ့ထားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအား ဆက်လည် ဖိအားပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Tajani က အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းမှုများမအောင်မြင်ခဲ့လျှင် EU သည် ယူရို ၂၁ ဘီလီယံတန်ကြေး ရှိသော အကောက်ခွန်များကို အမေရိကန်နိုင်ငံအားကောက်ခံရန် ပြင်ဆင်နေထားပြီးဖြစ်ကြောင်း နှင့် ၎င်းအနေဖြင့် ညှိနှိုင်းမှုများတွင်တိုးတက်ရန် ယုံကြည်ချက် ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက ၎င်း၏ရည်မှန်းချက်သည်  ကနေဒါနိုင်ငံနှင့် မက်ဆီကိုနိုင်ငံကြားတွင် အကောက်ခွန်များ မရှိရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)