Binondo Mall ၏ လက်လီဆိုင်နေရာများချဲ့ထွင်နေသည့် Megaworld

Powered by Drupal

                အဆောက်အအုံတည်‌ဆောက်ရေးကော်ပိုရေးရှင်း Megaworld သည် လူသွားလူလာနေရာများတွင် လည်ပတ်သူများ ပိုမိုလာရောက်နိုင်စေရန်အတွက် Binondo Mall တွင် လက်လီဆိုင် နေရာများ ချဲ့ထွင်နေကြောင်း သိရပါသည်။ ၎င်းသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် Lucky Chinatown တွင် Imperial Wing ဖွင့်ပွဲအားကြေညာခဲ့ပြီး Manila မြို့တွင် ရင်းနှီးမြှုပ်နှံလို သည့် မြေငှားမျာအတွက် နေရာများအား ထည့်သွင်းထားကြောင်း သိရပါသည်။ အဆိုပါ Imperial Wing တွင် လက်လီဆိုင်နေရာ အဆင့် ၃ ဆင့်ကို ထည့်သွင်းခဲ့ပြီး ၎င်း၏စုစုပေါင်း ငှားရမ်းနိုင်သော ဧရိယာမှာ ၃၆၀၀၀ စတုရန်းမီတာခန့်ရှိကြောင်း သိရပါသည်။ အဆိုပါချဲ့ထွင်မှုသည် Chinatown လူသွားလမ်းမှတစ်ဆင့် mall ၏ အဓိကသွားလမ်းနှင့် ချိတ်ဆက်လျက်ရှိပြီး ဒုတိယထပ်နှင့် တတိယ ထပ်များတွင် လေအေးပေးစက်များ တပ်ဆင်ထားကြောင်း သိရပါသည်။ ၎င်းသည် Chinatown Museum နှင့် တိုက်ရိုက် ချိတ်ဆက်နေပြီး Chinatown ဟိုတယ်အနောက်ဘက်တွင် တည်ရှိကြောင်း သိရပါသည်။ Megaworld Lifestyle Mall ၏ အကြီးအကဲ Graham Coates က Lucky Chinatown ရှိ စျေးဝယ်ရေးအစီအစဥ်များ နှင့် အစားအသောက်သုံးဆောင်ရန်နေရာများကို ချဲ့ထွင်နေပြီး ၎င်းတို့အနေဖြင့် ဧည့်သည်များကိုဆွဲဆောင်စေမည့် လူကြိုက်များသည့် အမှတ်တံ ဆိပ်များကို ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Coates က Megaworld သည် ယခု နှစ်အတွင်းတွင် စျေးဝယ်စင်တာအသစ်တစ်ခုဖွင့်ရန် စီမံနေကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက Megaworld အတွက် လိုအပ်ချက်သည် မြို့တွင်းပြောင်းလဲတိုးတက်မှုများနှင့် အတူဆက်လက်ထိန်းသိမ်းသွားရန် ဖြစ်‌ကြောင်း ထောက်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)