၁၄.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

Powered by Drupal

          ၁၄.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၃၀၀၊  အောင်ပန်းထူး-၃ ကျပ် ၅၇၀၀၊ အောင်ပန်းထူး-၄ ကျပ် ၆၃၀၀၊ အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၄၀၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၈၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၅၀၀/၁၅၅၀၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၀၀/၁၄၅၀၊ မုံရွာ လတ်သန့် ကျပ် ၁၃၀/၁၃၅၀၀၊  မုံရွာ လတ်ချော ကျပ် ၈၀၀/၉၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ ဟဲဟိုး အိုကေ ကျပ် ၄၈၀၀၊ ဟဲဟိုး အက်စ်ဝမ်း ကျပ် ၄၈၀၀၊ ဟဲဟိုး အက်စ်တူး ကျပ် ၄၂၀၀၊ တရုတ်အာလူး ကျပ် ၅၀၀၀ ရှိကြောင်းသိရှိရပါသည်။ အာလူးဈေးနှုန်းမှာ မြင့်တက်လျှက်ရှိပြီး ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ၂၀၀၀ နှင့် အနိမ့်ဆုံးဈေး ၁၇၀၀ မြင့်တက်လျက်ရှိပါသည်။ ကြက်သွန်နီ မုံရွာဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)