နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားကျန်းမာရေးစောင့်ရှောက်မှု့များဆောင်ရွက်ပေးပြီး စားသုံးဆီနှင့်ကြက်ဥများသက်သာသောဈေးဖြင့်ရောင်းချပေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်မာရေးစောင့်ရှောက်မှု့ များအခမဲ့ဆောင်ရွက်ပေးပြီး စားသုံးဆီနှင့် ကြက်ဥများသက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခြင်း ကိုဇူလိုင်လ ၂၁ ရက်နေ့ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၇၀ကျော်၏ လိုအပ်သောဆေးဝါးများကို အခမဲ့ထုတ်ပေးခဲ့ကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဌာန မှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ စားအုန်းဆီရောင်းချသော ဆီကိုယ်စားလှယ်နှင့်ချိတ်ဆက်၍ စားအုန်းဆီတစ်ပိဿာလျှင် ၆၇၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၃၉၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၅၀ နှင့် ကြက်ဥအလုံး(၃၀၀)တို့အား ရောင်းချပေးခဲ့ကြောင်းသိရပါသည်။
   ထိုသို့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့်စားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်ကျော်ဇေယျနှင့် တာဝန်ရှိသူများ အားပေးကြည့်ရှု့ပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လိုအပ်ချက်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)