ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချသည့် အသင့်စား အကြော်အလှော်ဈေးနှုန်းများ

Powered by Drupal

  ရွှေဘိုမြို့ရှိဈေးများတွင် သစ်သီးဝလံများ၊ အသား/ငါးများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများနှင့် အခြားသောကုန်စည်များအပြင် အသင့်စားအကြော်အလှော်များကိုလည်း ရောင်း ချကြပါသည်။ အသင့်စားအကြော်အလှော်များကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကြော် လှော်၍ ရောင်းချကြကြောင်း၊ အသင့်စားအကြော်အလှော်များမှာ အသားတုပဲငပိကြော်၊ အသားတု အစပ်ကြော်၊ အသားတုနှင့် ရွှေလရောင် အချိုကြော်၊  ရွှေလရောင်အစပ်ကြော်၊ ကြက်သွန်နီနှင့် လသာခြောက်အစပ်ကြော်၊  ကြက်သွန်ငရုတ်သီးကြော်ဟူ၍ အမျိုးမျိုးရောင်းချကြကြောင်း၊ အကြော် အလှော်အမျိုးအစားအလိုက် တစ်ထုတ်လျှင်(၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြောင်း၊ အသင့်စား အကြော်အလှော်များကို နေ့စဉ်စားသည့် စားသုံးသူများသာမက ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြကြောင်း၊ ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှ ရွှေဘိုမြို့တွင်းအပြင် မြို့၏အနီးတဝိုက်ရွာများဖြစ်သည့် ထနောင်းဝင်းကျေးရွာ၊ မင်းကျောင်း ကျေးရွာ၊ ရွာသစ်ကျေးရွာများသို့ ပြန်လည်၍ ရောင်းချကြကြောင်း၊ ပြန်လည်ရောင်းချသည့် ဈေးသည်များမှ (၁)ထုပ်လျှင်(၁၂၀ဝိ/-) ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)