
မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးထုတ်လုပ်သော အသေးစားစက်မှု လုပ်ငန်း ၄ဦးခန့်ရှိပြီး မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် လူကြီးသူမနှင့် အိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်အဖြစ်ပေးရန်၊ ကန်တော့ရန် ကောင်မွန်သော မုန့်တစ်မျိုးဖြစ်သည်။ ကန်တော့ရာတွင်လည်းကောင်း လက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုး ဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊ ဓနဟိန်း ပဲမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။
ပဲမုန့်ဈေးနှုန်းအနေဖြင့် ၁၀-၅-၂၀၂၅ ရက်နေ့ ရောင်းချမှုဈေးနှုန်းမှာ ပဲမုန့် ၁ထုတ် ၂၅၀၀ကျပ်၊ ပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၅၀၀၀ကျပ်၊ ပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၅၀၀၀ကျပ်၊ အငံမုန့် ၁ထုတ် ၂၇၀၀ကျပ်၊ အငံဘူးသေး ၆ထုတ်ပါ ၁၆၂၀၀ကျပ်၊ အငံဘူးကြီး ၁၀ထုတ်ပါ ၂၇၀၀၀ကျပ်၊ ဘဲဥမုန့် ၁ထုတ် ၂၄၀၀ကျပ်၊ ဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၂၀၀၀ကျပ်၊ ဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၄၀၀၀ကျပ်၊ ကိတ်မုန့် ၁ထုတ် ၅၀၀၀ကျပ်၊ ကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၅၀၀၀ကျပ်၊ ဖရုံယို ၁ထုတ် ၂၆၀၀ကျပ်၊ ဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး ယခင် မေလ ဈေးနှုန်းဖြင့် နှိုင်း ယှည်ပါက ကိတ်မုန့် တစ်ခုကို ၃၀၀ကျပ် ဈေးမြင့်လာတက်ပြီး ကျန်သော မုန့်ဈေးနှုန်း ပုံမှန်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)