လေးမျက်နှာမြို့နယ်တာဝန်ခံမှ ၂၀၂၅ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားတက်ရောက်

Powered by Drupal

            ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးဌေးအောင်၏ လယ်မြေ တွင် မိုးရာသီ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို လေးမျက်နှာမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ  စားသုံးသူရေးရာ ဦးစီးဌာန လေးမျက်နှာမြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါအခမ်းအနားတွင် တောင်သူ ဦးဌေးအောင်၏ လယ်မြေဧရိယာ( ၃ ဧက )တွင် မိုးစပါး စိုက်ပျိုးခြင်းကို (၆ တန်းသွား) ကောက်စိုက်စက်ဖြင့် သရုပ်ပြစပါး စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး၊ စပါးရိတ်စက်၊ ရိတ်သိမ်းချွေ့လှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဦးမှ အခမ်းအနား တက်ရောက်လာသူများအား  အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး  ဌာနဆိုင်ရာဝန်ထမ်းများမှ ကြည့်ရှုအားပေး၍ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)