ဟင်္သာတမြို့နယ်အတွင်းရှိစားသုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၇.၇.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ စားသုံးဆီ လက်လီ/လက္ကား ရောင်းချလျက်ရှိသောဆိုင်များတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင် ဆီထုတ်လက်ကားကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ ရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှု လက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအားအများ မြင်သာသော နေရာတွင်ချိတ်ဆွဲထားမှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)